ရဲဟ်ဗရ်ရေ အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ၂၀၂၀ ဟဂ်ျ မိန့်ခွန်း ရဲဟ်ဗရ်ရေ အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ၂၀၂၀ ဟဂ်ျ မိန့်ခွန်း ရဲဟ်ဗရ်ရေ အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ၂၀၂၀ ဟဂ်ျ မိန့်ခွန်း بعثه مقام معظم رهبری در گپ بعثه مقام معظم رهبری در سروش بعثه مقام معظم رهبری در بله
ရဲဟ်ဗရ်ရေ အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ၂၀၂၀ ဟဂ်ျ မိန့်ခွန်း ရဲဟ်ဗရ်ရေ အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ၂၀၂၀ ဟဂ်ျ မိန့်ခွန်း ရဲဟ်ဗရ်ရေ အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ၂၀၂၀ ဟဂ်ျ မိန့်ခွန်း ရဲဟ်ဗရ်ရေ အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ၂၀၂၀ ဟဂ်ျ မိန့်ခွန်း ရဲဟ်ဗရ်ရေ အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ၂၀၂၀ ဟဂ်ျ မိန့်ခွန်း

ရဲဟ်ဗရ်ရေ အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ၂၀၂၀ ဟဂ်ျ မိန့်ခွန်း

ရဲဟ်ဗရ်ရေ အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ သည် ပြီးခဲ့သည့်နှစ်များ နည်းတူ ယခု နှစ် ၂၀၂၀ အတွက် လည်း ဟာဂျီလောင်းများ နှင့် မွတ်စလင်မ်အွန်မသ် တစ်ခု လုံး အား အတွက် မိန့်ခွန်း သဝဏ်လွှာ တစ်စောင် ထုတ်ပြန် ခဲ့ပါ တယ်။

ရဲဟ်ဗရ်ရေ အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ သည် ပြီးခဲ့သည့်နှစ်များ နည်းတူ ယခု နှစ် ၂၀၂၀ အတွက် လည်း ဟာဂျီလောင်းများ နှင့် မွတ်စလင်မ်အွန်မသ် တစ်ခု လုံး အား မိန့်ခွန်း သဝဏ်လွှာ တစ်စောင်အား ထုတ်ပြန် ခဲ့ပါတယ်။ ရဲဟ်ဗရ်ရေ အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ၂၀၂၀ ဟဂ်ျ မိန့်ခွန်း သဝဏ်လွှာ မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။


 


بسم‌الله‌الرحمن‌الرحیم


 


والحمدلله رب العالمین و صلی الله علی محمد و آله الطاهرین و صحبه المنتجبین


و من تَبِعَهُم باِحسانٍ الی یوم الدین


ဟဂ်ျရာသီ သည် အမြဲတန်း အစ္စလာမ်ကမ္ဘာ့ ၏ သိက္ခာ ၊ ကြီးကျယ်မြင့်မြတ်မှု နှင့်ဖူးပွင့်ဝေဆာမှု ကို ခံစားရသည့် ရာသီ ဖြစ်ပါ၏။ ဤနှစ် တွင် မိုအ်မင်များ အတွက် ဝမ်းနည်းကြေကွဲမှု နှင့် နောင်တ ရမှု နှင့် ချစ်ရသူများ နှင့် ဝေးကွာ မှု ကို ခံစား ရပါသည်။ ကျွန်ုပ်တို့ ၏ နှလုံးသားများ သည် ကအ်ဗာ ဝတ်ကျောင်းတော် ၏ အထီးကျန်မှု ကြောင့် အထီးကျန် နေရပါသည်။ ကျန်ရစ်သူများ၏ မျက်ရည် များ နှင့် ညည်းတွားသံ များနှင့် ရောနေသည့် လက်ဘိုက်္က သံများ ဖြစ်ပါသည်။


ဤဆင်းရဲမှု (ဖယ်ရှားခံရမှု ) သည် အချိန်အနည်းငယ် အတွက် ဖြစ်ပါသည်။ အလ္လာဟ်ဟို အရှင်မြတ် သခင်၏ စွမ်းအား နှင့် အကူအညီ ဖြင့် (ဆင်းရဲမှု (ဖယ်ရှားခံရမှု ) သည် ) အကြာကြီး ခံမည်မဟုတ်ချေ။ သို့သော် သင်ခန်း စာ မှာ ဟဂ်ျဆိုသည့် ကြီးမားသည့် နေအ်မသ် တော် ၏ ကျေးဇူး တရားကိုသိရှိပြီးဖြစ်ပါသည်။ မလွဲမသွေ ခံနိုင်ရည် ရှိမှု ၊မေ့လျော့ မှု မှ နိုးထ နေရမည် ဖြစ်ပါသည်။ ကြီးကျယ်မြင့်မြတ် မှု ၏ လျှို့ ဝှက်ချက် နှင့် စုပေါင်း မှုတွင်ရှိသည့် အစ္စလာမ် အွန်မသ်တော် ၏ ခွန်အား ၊ ကာအ်ဗာ ပရဝဏ် ရှိ ကွဲပြားခြားနားသည့် မိုအ်မင်များ ၊ မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (صلی الله علیه و آله ) ၏ ပရဝဏ်     နှင့် ဗကီးတွင် ဒဖ်နာ ထားသည့် အေမာမ်များ (علیهم‌السلام) ၏ ပရဝဏ် ကို ယခုနှစ်တွင် အမြဲတမ်း ထက်ပိုမို၍ ခံစားရပါ သည်။ ဤ အကြောင်းနှင့်ပတ်သက်ပြီး စဉ်းစား ဆင်ခြင်သင့်ပါ သည်။


ဟဂ်ျ ပမာမဲ့ ၊အနှိုင်းမဲ့ မပြုမနေရ သာသနာ့ တာဝန် တစ်ခု ဖြစ်ပါသည်။ အစ္စလာမ်ဘာသာ ဆိုင်ရာ မပြုမနေရ တာဝန်ဝတ္တရားများအကြား တွင် အရွှက်တရာ ရှိသည်ပန်း မျိုး ဖြစ်ပါသည်။ တစ်နည်းအားဖြင့် သာသနာ၏ တစ်ဦးချင်းဖြစ်စေ ၊ စုပေါင်း၍ ဖြစ်စေ ၊ မိုးကောင်ကင် အရ ဖြစ်စေ ၊မြေပထဝီ အရ ဖြစ်စေ ၊သမိုင်းအရ ဖြစ်စေ ၊ ကမ္ဘာ သာသနာ အရ ဖြစ်စေ အရေးကြီး ကဏ္ဍ များ ပါဝင်နေပြီး၊ ၎င်းကိုပြန်၍ လေ့လာ နိုင်ပါသည်။နာမ်ပိုင်းဆိုင်ရာလည်း ၊ ၎င်း အတွင်း တည်ရှိပါ သည်။ သို့သော် အထီးကျန်မှု မပါဘဲ ၊ တစ်ဦးတစ်ယောက်တည်းနေခြင်း မရှိဘဲ စုပေါင်းမှု ၊စုရုံးမှု ၎င်းတွင် ရှိနေပါသည်။ သို့သော် ခိုက်ရန် ဖြစ်ပွားမှု ။ မကောင်းပြောဆိုမှု ၊ မကောင်းလိုလားမှု မရှိချေ။ တစ်ဖက်တွင် အလ္လာဟ် ဟို အရှင်မြတ် အား တမ်းတ ခြင်း၊ တောင်းခံမှုများပြုခြင်း (ဒိုအာများ ပြုခြင်း ) ငိုကြွေး မှုဆိုသည် နာမ် ပိုင်းဆိုင်ရာ အရသာရှိ လျှင် အခြား တစ်ဖက်တွင်လည်း အများလူတကာ နှင့် ဆက်ဆံရေး နှင့် ချစ်ခင်ရေးတို့ ရှိပါသည်။


ဟာဂျီ အနေဖြင့် မျက်စိ တစ်လုံးနှင့် သမိုင်းနှင့်အတူ ၊ အီဗရာဟီးမ် (အ.စ)၊ အစ္စမာအီးလ် (အ.စ) နှင့် ဟာဂျရာ သခင်မ တို့နှင့်အတူ ၊ အောင်ပွဲ ခံယူပြီး ကိုယ်တော်မြတ် (ဆွ) နှင့်အတူ အဲဟ်ရာမ် ဗလီ ကျောင်းတော် အတွင်းသို့ အတူ ဝင်ရောက် ချိန် ၊ အစ္စလာမ်သာသနာ အစပိုင်းတွင် မိုအ်မင်များ ၏ အစု အဝေး နှင့် အတူ မိမိ၏ ရှည်လျားခိုင်ခံသည့် ဆွေမျိုးတော်စပ်မှု ကို ကြည့် ရှု ပါသည်။ အခြား မျက်စိ တစ်ဖက်ဖြင့် မိမိခေတ်ကာလ၏ မိုအ်မင်များ ကို ၎င်းတို့ မှ ကိုယ်စီ ကိုယ်စီ အလ္လာဟ် ဟို အရှင်မြတ် ၏ ကြိုးတော် မြတ်ကို စုပေါင်း၍ ဆုပ်ကိုင် နိုင်ရန် အကူအညီ အဖေးအမ ရရန် ကြည့် ရှုနေရပါသည်။


ဟဂ်ျ နှင့်ပတ်သက်ပြီး စဉ်းစားတွေးခေါ် ခြင်း ၊ ဂရုပြုခြင်းသည် ဟာဂျီ အား မနုဿလူသား အတွက် သာသနာ ၏ ရည်မှန်းချက် အမြောက်အများ နှင့် ရည်ရွယ်ချက်များ သာသနာ နောက်လိုက်များ၏ အကူအညီ အဖေးအမ ပေးမှု ၊ ကိုယ်ချင်းစာပေးမှု မပါဘဲ မပြည့် ဘူးဆိုသည် စိတ်ချ ယုံကြည်ချက်ကို ပို့ဆောင်ပေးပါသည်။ ဤ ကိုယ်ချင်းစာနာ မှု ကူညီဖေးမ မှု ကြောင့် ဆန်ကျင့် သူများ ၊ ရန်သူများ သွေးဆောင်ဖျားယောင်မှု ကို မပြုလုပ်နိုင်ကြချေ။


ဟဂ်ျ သည် ဖိနှပ်ချုပ်ချယ်သူများ ၊ အနိုင်ကျင့်သူများ၊ မာန ထောင်လွှားသူများ ၎င်းတို့၏ အကျင့်ပျက်ခြစား မှု ၊ ရက်စက် ကြမ်း ကြုတ်မှု နှင့် အနိုင်ကျင့်မှု လုရက် တိုက်ခိုက်မှု နှင့် ယနေ့ အစ္စလာမ် ဘာသာဝင်များ ၏ ကိုယ်ခန္ဓာ နှင့် အသက်ကို ရက်စက် ညှဉ်းပန်း နေပြီး အငြိုး အတေးများ နှင့်ဒုက္ခပေးပြီးသွေး လူးအောင်ပြုနေသည့်သူများ နှင့် ယှဉ် ပြိုင်နိုင် ရန် ခွန်အား ကို လေ့ကျင့်ပေး ပါသည်။ ဟဂ်ျသည် အစ္စလာမ် ဘာသာဝင်များ၏ အားသားချက်နှင့် အားနည်းချက် ကိုပြသပါသည်။


ဤအချက်သည် ဟဂ်ျ ၏ သဘာဝ ၊ ဟဂ်ျ၏ ဝိညာဉ် နှင့် ဟဂ်ျ ၏ အရေး အကြီးတကာ အကြီးဆုံး ရည်ရွယ်ချက်များ ၏ အစိတ်အပိုင်း တစ်ခု ဖြစ်ပါသည်။ ဤဟဂ်ျအား ကွယ်လွန်သွားပြီးဖြစ်သည့် အေမာမ် ခိုမေနီ ကဘီးရ် (ရ.ဟ) မှ ဟဂ်ျ အီဗရာဟီးမီအမည် ပေးထားပါသည်။‍ဤအတိုင်းဖြစ် မည် ဆိုလျှင် အကယ်၍ ဟဂ်ျ တာဝန်ခံသူများ သည် မိမိကိုယ်ကို ဟရာမိုင်း၏ အစေခံ ၊ ဝန်ဆောင်မှု ပေးသူ ၊အုပ်ထိန်းသူ အဖြစ် ခံယူထားမည်။ စစ်မှန်သည့်နှလုံးသား ဖြင့် ၎င်း (အလ္လာဟ် )ရှေ့တွင် ဦးညွှတ် မည်၊ အမေရိကန် အစိုးရ နှစ်မြို့ အောင်ပြုမည့် အစား အလ္လာဟ် ဟို အရှင်မြတ် သခင်၏ နှစ်မြို့ မှုအား ရွေးချယ်မည်ဆိုလျှင် အစ္စလာမ် ကမ္ဘာ ၏ ကြီးမားသည့် အခဲအခက်များ ၊ ဒုက္ခများ ကျော်လွှား ဖြေရှင်း နိုင်မည် ဖြစ်ပါသည်။


ယနေ့ အမြဲ တန်းကဲ့သို့ ပင် ပြီးနောက် အမြဲတန်း တက်ပိုမို၍ အစ္စလာမ်နောက် လိုက်နောက် သား(အွန်မသ် လူထု ) အတွက် အကျိုးသက်ရောက်မှု ကို ရှေ့ ရှုပြီး စည်းလုံး ညီညွတ်ဖို့ အရေးကြီးလိုအပ်ပါသည်။ ရန်သူများ နှင့် အန္တရာယ် အား ရင်ဆိုင် ချိန်တွင် တစ်ညီ တစ်ညွတ်တည်း ဖြစ်နေသည့် စည်းလုံးမှု မျိုး ဖြစ်ရပါမည်။ ပြီးနောက် ကိုယ်ခန္ဓာ တစ်ကိုယ်လုံး ရှိုင်တွာန် (မာနတ်) ၊ကျူးကျော်သူ ၊သစ္စာဖောက် အမေရိကန် ၊၎င်း မွေးထားသည့် ခွေး ဇီယွန် (ဇိုက်ယူနစ်ဝါဒီ ) အစ္စရေး အစိုးရ အားဆန်ကျင့် ပြီး မိုးကြိုးပမာ ညာသံ ပေးပြီး အတင်း အဓမ္မ ၏ အရှေ့ ရဲရဲတောက် ရင်ဘတ်ပေး ရင်ဆိုင် ရမည် ဖြစ်ပါသည်။


ဤသည် အလ္လာဟ် ဟို အရှင်မြတ် မိန့်တော် မူထားသည်အဓိပ္ပာယ် ဖြစ်ပါသည်။ မိန့်တော်မူ ထားသည်မှာ - وَاعْتَصِمُوا بِحَبْلِ اللَّهِ جَمِیعًا وَلَا تَفَرَّقُواဖြစ်ပါသည်။ ကျမ်းတော်မြတ်ကုရ်အာန် အစ္စလာမ် အွန်မသ် အား أَشِدَّاءُ عَلَی الْکُفَّارِ رُحَمَاءُ بَیْنَهُمْဆိုသည့် မူဘောင်အတွင်း ဆက်ဆံရန်တင်ပြထား ပါသည်။တာဝန် ဝတ္တရား မှာလည်း …


وَلَا تَرْکَنُوا إِلَی الَّذِینَ ظَلَمُوا، وَلَن یَجْعَلَ اللَّهُ لِلْکَافِرِینَ عَلَی الْمُؤْمِنِینَ سَبِیلًا، فَقَاتِلُوا أَئِمَّةَ الْکُفْرِ و لَا تَتَّخِذُوا عَدُوِّی وَعَدُوَّکُمْ أَوْلِیَاءَဖြစ်ပါသည်။ ရန်သူကို သတ်မှတ် နိုင်ရန် အတွက် لا یَنْهَاکُمُ اللَّهُ عَنِ الَّذِینَ لَمْ یُقَاتِلُوکُمْ فِی الدِّینِ وَلَمْ یُخْرِجُوکُم مِّن دِیَارِکُمْ..အမိန့် ကို ချမှတ်ပေးထားပါသည်။


ဤ အရေးကြီး ပြီး ကံကြမ္မာ ကို တည်ဆောက် ပေးသည် အမိန့်များကို ကျွန်ုပ်တို့ မွတ်စလင်မ်များ ၏ အတွေး ၊အခေါ် နှင့် တန်ဖိုးရှိစနစ နှင့် ဝေးကွာအောင် မထားသင့်ချေ။ ၎င်းအမိန့်များကို မမေ့ပစ်ရန် လိုအပ် ပါသည်။


ယနေ့ အမြဲ တစေထက်ပိုမို၍ ဤ အခြေခံအုတ်မြစ်ကို ပြောင်းလဲ ရန် အကြောင်းခံ အွန်မသ် နှင့် ကိုယ်ချင်းစာ တရားရှိသူ လက်ရွေးစင် ထူးချွန်သူများ ၊ပြုပြင် ပြောင်းလဲ သူများ ကို ဖြစ်စေပါသည်။ ယနေ့ အစ္စလာမ်မီ နိုးထ မှု ဆိုသည်မှာ ထူးချွန်သူ လက်ရွေးစင်များ မွတ်စလင်မ်လူငယ်လူရွယ်များ မိမိတို့ ၏ ရုပ်ပိုင်းဆိုင်ရာ နာမ်ပိုင်းဆိုင်ရာ နှင့် မအ်ရေဖသ် ၏ အခြေခံများကို ဂရုပြုခြင်း၏ အဓိပ္ပာယ် တွင် ငြင်းမရသည့် အမှန်တရား တစ်ခု ဖြစ်ပါတယ်။ ယနေ့ နှစ်ပေါင်း ၅၀ အလျှင် နှစ်ပေါင်း ၁၀၀ အရင် အနောက်တိုင်း ယဉ်ကျေးမှု အဖြစ် အလွန် တရ ထင်ပေါ်သည် လက်ဆောင်အဖြစ် လစ်ဘရယ် ဝါဒနှင့် ကွန် မြူ နစ် ဝါဒ သည် စာရင်း ဝင်ပါသည်။ ယေဘုယျအားဖြင့်သူအလိုလိုရှုံးနှိမ့် နေပါသည်။                                                           


၎င်းတို့ ၏ ကုသမရ သည့် အပြစ်အနာအဆာသည် ဖွင့်၍ ရှေ့ ရောက် လာပြီး ဖြစ်ပါသည်။ ၎င်းကို အခြေခံ သည့် စနစ်သည် ပြိုလဲခြင်း နှင့်အခြား တစ်ခုအပေါ် အခြေခံသောစနစ်သည် နက်ရှိုင်း သောအကျပ် အတည်း နှင့်ပြိုလဲ ခါနီး အချိန်တွင်ဖြစ်နေပါသည်။


ယနေ့ အနောက်တိုင်း ယဉ်ကျေးမှု သည် နမူနာ မဟုတ်သည့် အပြင် ၊ အစကတည်းက အရှက်ကွဲမှု ၊သိက္ခာ မဲ့ မှု နှင့် ကွင်းပြင်တွင် ခြေချ ခဲ့ပါသည်။ တစ်နည်းအား ဖြင့် ယုတ်စွ ၎င်း၏ နိုင်ငံရေး ၊ စီးပွားရေး နမူနာ အဖြစ် တစ်နည်းအား ဖြင့် ငွေကြေး အပေါ် လှည့်ပတ်သည့် ဒီမိုကရေစီစနစ် နှင့် လူ့အတန်းအစား ခွဲခြား သည့် အရင်းရှင် စနစ် သည် မိမိ မအောင်မြင် ကြောင်း အသုံးမကျကြောင်း ပြဿနာ သာ ဆောင်ကြောင်း ပြသလေ၏။


ယနေ့ အစ္စလာမ် ကမ္ဘာ ပေါ်တွင် ခေါင်းကိုထောင်၍ ဂုဏ်ယူစွာ ဖြင့် သိက္ခာ ရှိစွာဖြင့် အနောက်တိုင်း ၏ မအ်ရေဖသ် (သိရှိမှု) နှင့် ယဉ်ကျေးမှု၏ တောင်းဆို မှု အားလုံးကို စိတ်ခေါ် ခဲ့သည့် ပညာရှင်များ သည် မနည်းချေ။ ၎င်းတို့သည် အစ္စလာမ်နည်း လမ်းကို ရှင်းရှင်းလင်းလင်းတင်ပြခဲ့ကြပါ သည်။ ယနေ့ ယုတ်စွ လစ်ဘရယ်ဝါဒ ကို မာန်မာန ကြီးစွာ ဖြင့် သမိုင်း နောက်ဆုံး အဆုံးသတ်အဖြစ် သတ်မှတ်ကြသည့် အနောက်တိုင်း အတွေး အခေါ် ပညာရှင်အချို့ သည် ပင် မတတ်နိုင် တော့ ဘဲ မဖြစ်မနေရ အခြေအနေ ကြောင့် ဤသတ်မှတ်မှု ကို ပြန်လည် ရုပ်သိမ်း ခဲ့ကြပြီး မိမိတို့၏ လက်တွေ့ နှင့် သီအိုရီ ရှုပ်ထွေးမှုကို ဝန်ခံခဲ့ ကြပါသည်။


အမေရိကန် နိုင်ငံ ၏လမ်းမများ ၊ မိမိတို့ ၏ ပြည်သူလူထု နှင့် အတူ အမေရိကန် အစိုးရ ၏ ဆက်ဆံမှု ၊ ဤနိုင်ငံတွင် လူမျိုးရေး၊အသားအရောင် အဆင့်အတန်း ခွဲခြားမှု၏ နက်ရှိုင်းမှု ကိုကြည့်ပြီး ထို နိုင်ငံ(အမေရိကန် )ကို အုပ်ချုပ်ဖို့ ရွေးကောက် တင်မြှောက် ခံထားရသူများ ၏ မိုက်မဲမှု နှင့် အရှက်မဲ့မှု ကို ပြသနေကြောင်း သိရ ပါသည်။ အလွန်ဆိုးရွားသည်မှာ လက်ရှိ လူမျိုးရေး ၊အသားအရောင် ခွဲခြား မှု ဖြစ်ပြီး နှလုံးသား ခဲပမာ၊ မာကျောနေသည့် ရဲ ကို ကြည့်ပြီး သိနိုင်ပါသည်။ထိုရဲသည် အပြစ်မဲ့ တစ်ဦးအား လမ်း မပေါ်တွင် အေးဆေး ငြိမ် သက်မှုနှင့် အတူ လမ်းသွား သူများ၏ရှေ့ တွင် ရက်စက် ညှဉ်းပန်းပြီး သတ်ဖြတ်ခဲ့ပါသည်။ ၎င်းသည်အနောက် တိုင်း ယဉ် ကျေးမှု၏ကိုယ်ကျင့် တရားနှင့် လူမှုရေးအကျပ်အတည်းနှင့်၎င်း၏ နိုင်ငံ ရေး နှင့် စီးပွားရေးအတွေးအခေါ်၏ပုံပျက်ယွင်းမှုနှင့်မှားယွင်းမှုတို့၏ နက်ရှိုင်းမှုကိုဖော်ပြနေပါ သည်။


အားနည်းသည့် လူမျိုးများ နှင့် အမေရိကန် ၏ ဆက်ဆံရေး ၏ နမူနာ အဖြစ် ထိုရဲ ၏ လုပ်ရပ် ဖြစ်ပါသည်။ ၎င်းရဲသည် မိမိ၏ ဒူးအား အကာအကွယ်မဲ့ လူမည်း ၏ လည်ပင်းပေါ် တင်၍ ဖိထားပါသည်။ ဘယ်လောက်အထိ ဖိထားသည်ဆိုလျှင် အဖိခံထားရသူ သည် အသက်ပေးရသည် အထိ ဖြစ်ခဲ့ပါသည်။


အခြား အနောက်နိုင်ငံ အာဏာ ပိုင်များ တွင်လည်း မိမိတို့၏ အတိုင်းအတာ ၊ အင်အား နှင့် ဖြစ်နိုင်ခြေ ရှိသည်နှင့်အမျှ ဤကဲ့သို့ ကြေကွဲ ဖွယ်ရာ နမူနာ များ ရှိနေပါသည်။


ဟဂ်ျအီဗရာဟီမီ သည် ယခု ခေတ်သစ် အဝိဇ္ဇာနှင့်ရင်ဆိုင်ရချိန် အစ္စလာမ့်၏ ဂုဏ် ကျက်သရေ ကို ဝေဆာစေပါသည်။ အစ္စလာမ် သာသနာ ၏ ဖိတ်ခေါ်မှု ၊ အစ္စလာမ်မီ အသိုင်းအဝိုင်း ၏ဘဝဆိုင်ရာ လက္ခဏာ ကိုပြသပါသည်။ ပတ်ဝန်းကျင် သည် မိုအ်မင်အချင်းချင်း ငြိမ်းချမ်းအေးဆေးစွာ နေထိုင်ပြီး သောင်ဟီးဒ် ဝန်ရိုး၏ ပတ်ပတ်လည်တွင် အဆက်မဖြတ် လှုပ်ရှား လည်ပတ်နေပြီး အကောင်းတကာ အကောင်းဆုံး လက္ခဏာ ဖြစ်ပါ သည်။ ခိုက်ရန် ဖြစ်ပွားခြင်းမှ ဝေးခြင်း၊ လူမျိုးရေး ကွဲခြား မှုမှ ဝေးခြင်း၊ အမျိုး မြတ်သူကို ဦးစားပေးခြင်းမှ ဝေးခြင်း၊ ပြဿနာနှင့် မရိုးသားမှုမှ ဝေးခြင်း တို့သည် အရေးကြီး စည်းကမ်းချက်များ ဖြစ်ပါသည်။ ရှိုင်တွာန် အား ခဲနှင့် ပေါက်ခြင်း၊ မိုရှ်ရေက်များ ကို မုန်းတီးမှု ကို ပြဿ ခြင်း၊ မိမိလက်အောက်ငယ်သားများ နှင့် ပေါင်း၍ နေထိုင်ခြင်း ၊ လိုအပ်သူများ ကို ကူညီဖေးမ ပေးခြင်း ၊ အီမာန်ရှင်များ ၏ ညာသံ ပါသည့် အလံ ကို လွှင့် ထူခြင်းတို့ သည် အဓိက မပြု မနေရ တာဝန် ဝတ္တရား များ မှ ဖြစ်ပါသည်။


အလ္လာဟ် ဟို အရှင်မြတ် အား တမ်းတခြင်း၊ ၎င်းအားကျေးဇူးတင်ခြင်း၊ မြတ်အလ္လာဟ် ၏ အဖန် ဆင်းခံ ပီသအောင် ကြိုးပမ်း မှု နှင့်အတူ ပြည်သူလူထု ၏ အကျိုး အမြတ်ကို ဆောင် ရွက်ပေး ခြင်း ၊အလယ်အလတ် လမ်းစဉ်ကိုရွေးချယ် ခြင်း နှင့် နောက်ဆုးံ ရည်မှန်း ချက် များ ဖြစ်ပါသည်။


ဤအစ္စလာမ်မီ ပတ်ဝန်းကျင် သည် ဟဂ်ျ အီဗရာဟီမီ ၏မှန် ဖြင့် မြင်ရသည့် အနှစ်ချုပ် ပုံ ဖြစ်ပါသည်။ တစ်ကိုယ်ကောင်းဆန်ပြီးမာနထောင်လွှား သောအနောက်လူ့အဖွဲ့အစည်းများ ၏ အဖြစ် မှန် နှင့်နှိုင်းယှဉ်လျှင်သတ္တိရှိသောမွတ်စလင်တိုင်း၏နှလုံးသားကို ထိုကဲ့သို့သော လူ့အဖွဲ့ အ စည်း ရောက်ရှိ ရန်ကြိုးပမ်းအားထုတ်ခြင်းနှင့်စိတ်အားထက်သန်စေပါ သည်။


ကျွန်ုပ်တို့အီရန်လူမျိုးများသည် အေမာမ် ခိုမေနီ ကဘီးရ် ၏ လမ်းညွှန် မှု အောက်တွင် ထိုကဲ့သို့ သော စိတ်အား ထက်သန်မှုနှင့် အတူ လမ်းကြောင်း အပေါ် လှမ်း၍ အောင်မြင်ခဲ့ပါ သည်။ ကျွန်ုပ်တို့သိသည်နှင့်ချစ်မြတ်နိုးရာကိုအပြည့်အဝအောင်မြင်သည်ဟုမဆိုနိုင်သော်လည်းတိုးတက်မှုအချို့ရှိခဲ့ပြီးအတား အဆီးများစွာကိုဖယ်ရှားခဲ့သည်ဟုကျွန်ုပ်တို့ပြော ဆို နိုင်ပါ သည်။


ကျမ်းတော်မြတ် ကုရ်အာန် ၏ ကတိတော်များ အပေါ်ယုံကြည် သည့် မင်္ဂလာကြောင့် ကျွန်ုပ်တို့၏ ခြေလှမ်းသည် ခိုင်မြဲ ပြီးခိုင်မာ နေပါသည်။ ဤခေတ်ကာလ ၏ အကြီးတကာ အကြီးဆုံး သစ္စာဖောက် နှင့် ဓားမြ ရှိုင်တွာန် တစ်နည်းအား ဖြင့် အမေရိကန် အာဏာ ပိုင် အနေဖြင့် ကျွန်ုပ်တို့ အား ငြိမ်းခြောက်၍ ရမည် မဟုတ်ချေ။ (သို့မဟုတ်) မိမိ၏ ကောက်ကျစ် လှည့်စားမှု ဖြင့် ဖမ်းစားနိုင်မည် မဟုတ်ချေ။ (သို့မဟုတ်) ကျွန်ုပ်တို့ ၏ရုပ်ပိုင်းဆိုင်ရာ ၊နာမ် ပိုင်းဆိုင်ရာ တိုးတက်မှု ကို တားဆီး နိုင်မည် မဟုတ်ချေ။


ကျွန်ုပ်တို့ အနေဖြင့် မွတ်စလင်မ် လူမျိုးစု အားလုံး ကို မိမိတို့၏ညီရင်း အစ်ကို များအဖြစ် နားလည် ထားပါသည်။ ကျွန်ုပ်တို့ အားဆန်ကျင့် တိုက်ခိုက်သူများ မဟုတ်သည့် မွတ်စလင်မ် မဟုတ်သူများနှင့်လည်း ကောင်းကောင်းမွန်မွန် ၊ကျောသားရင်သား မခွဲခြား ဘဲ ဆက်ဆံပါသည်။ ကျွန်ုပ်တို့ အနေဖြင့် မွတ်စလင်မ်အသိုင်းအဝိုင်းများ ၏ ဝမ်းနည်း မှု၊ အခက်အခဲကို မိမိတို့ ၏ ဝမ်းနည်းမှု ၊ အခက်အခဲ အဖြစ် နားလည်ထားပါသည်။ ၎င်းတို့၏ အခက်အခဲများ ကို ဖယ်ရှား ပေးနိုင်ဖို့ ကြိုးပမ်းပါသည်။ အဖိနှိပ်ခံ ပါလက်စတိုင်းများကို ကူညီရန် ၊ဒဏ်ရာ ရ ယီမင်များ ကို ကိုယ်ချင်းစာမှု နှင့် လောက ၏ မည်သည့် နေရာ တွင် ရှိနေသည့် အဖိနှိပ်ခံ မွတ်စလင်မ်များ နှင့်ပတ် သက်ပြီး စဉ်းစား ပြီးသောက ဖြစ်ပါသည်။ အဖိနှိပ်ခံ မွတ်စလင်မ်များ အတွက် စဉ်းစားခြင်းနှင့် သောက ဖြစ်ခြင်းကို မိမိတို့ အတွက် ထာဝရ တာဝန် တစ်ခု အဖြစ် ခံယူထားပါသည်။


အချို့ မွတ်စလင်မ် နိုင်ငံများ ၏ ခေါင်းဆောင် အချို့ ကို ဆုံးမ သွန်သင်ပေးခြင်းကို မိမိ၏ တာဝန် ဝတ္တရား အဖြစ်နားလည် ပါသည်။ထို အာဏာပိုင်များသည် မိမိတို့ မွတ်စလင်မ် ညီအစ်ကို များ အပေါ် အားမကိုးဘဲ ရန်သူ၏ ရင်ခွင်တွင်ခိုလုံပြီး မိမိတို့ ၏ ရက်အနည်းငယ် အကျိုးအမြတ် အတွက် ရန်သူဘက်မှ စော်ကားမှု ၊သိက္ခာ ချမှု ၊အတင်းအဓမ္မ ပြုကျင့်မှု ကို သည်းခံရပါသည်။ ပြီးနောက်မိမိတို့ လူမျိုး ၏ သိက္ခာ နှင့် ကိုယ်ပိုင်လုပ်ပိုင်ခွင့် ကို ပြင်းထန်စွာ ဆုံး ရှုံး ရပါသည်။ အကြင်သူများ သည် မတရား ကျူးကျော် သူများ နှင့် ဇီယွန် အစိုး တည်တန့် ရေးကို လက်ခံ သူများနှင့် တိတ်တိတ်ပုန်၍ ဖြစ်စေ အထင်အရှားဖြစ်စေ မိတ်ဆွေ ဖွဲ့ပြီး လက်တွဲ ကြပါသည်။ ကျွန်ုပ် အနေ ဖြစ် ၎င်းတို့ကို ဆိုဆုံးမ ချင်ပါသည်။ ဤအပြုအမှု   ၏ ခါးသီးသည့် ရလာဒ်များကို သတိပေးချင်ပါသည်။


ကျွန်ုပ်အနေဖြင့် အနောက်အာရှ ဒေသတွင် အမေရိကန် ရှိနေခြင်းကို ထိုဒေသ ၏ လူမျိုးများ အတွက် အတွက် ဆုံးရှုံး နစ်နာ မှု ၊နိုင်ငံများ အမည် ပျက်မှု ၊ ပျက်စီးမှု ၊ ခေတ်နောက်ကျမှု အဖြစ် နားလည်ထားပါသည်။ အမေရိကန် ၏ လက်ရှိ အခြေအနေ အဖြစ်အပျက်များ နှင့် ၎င်းတို့ထံ ဖြစ်ပေါ်နေသည့် လူမျိုးရေး ခွဲခြား မှု ဆန်ကျင့်ရေး လှုပ်ရှား မှု တွင် ကျွန်ုပ်တို့၏ ခိုင်မာသည် ရပ်တည် ချက်ရှိပါသည်။ အမေရိကန် ပြည်သူလူထု ဘက်မှ ရပ်တည် ပြီး ထို နိုင်ငံ ရှိ လူမျိုးရေး အသားအရောင် ခွဲခြားရေးကိုပြုသည့် အစိုးရ ၏ ကျောက်ခဲပမာ နှလုံးသား၏ လုပ်ရပ်ကို ရှုတ်ချပါသည်။


အဆုံးတွင် ကျွန်ုပ် အနေဖြင့် ဟဇရသ် ဗကီးယသွလ္လာဟ် (အရ်ဝါဟိုနာဖေဒါဟို ) သခင်အပေါ် စလာမ်နှင့် စလ်ဝသ် ပို့ဆက် မှု နှင့်အတူ အေမာမ် ခိုမေနီ (ရ.ဟ) အား အရိုအသေ ပြုပါသည်။ ရှဟီးဒ် တော်များ ၏ သန့်စင်သည် ဝိညာဉ် တော်များ အပေါ် သရူးဒ် ပို့ဆက်ပါ၏။ မွတ်စလင်မ် အွန်မသ် အတွက် မဝေးတော့သည့်အနာဂတ် တွင် လုံခြုံရေး ဟဂ်ျ ကဘူလ်ဖြစ်ပြီး မင်္ဂလာ ရှိအောင် အလ္လာဟ် ဟို အရှင်မြတ် ထံ ဒိုအာ တောင်းလိုက်ပါသည်။                                                                  


والسلام علی عباداللہ الصالحین


ဆရက်ဒ်အလီ ခါမေနာအီ


ဇူလိုင်လ ၂၈ ရက်နေ့ ၊ ၂၀၂၀ ခုနှစ်


*******************************************


END / 251


ရဲဟ်ဗရ်ရေ အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ၂၀၂၀ ဟဂ်ျ မိန့်ခွန်း အား ကမ္ဘာ ဘာသာပေါင်း ၄၀ ဖြင့် ကြည့်ရန် လိပ်စာ 


| شناسه مطلب: 101768




برمه ای



نظرات کاربران