ဤနှစ် ဟဂ်ျ မပြုနိုင်ပေမဲ့လည်း သောင်ဗာ တော့ပြုနိုင်ပါတယ် … ကိုယ်ခန္ဓာကို စုရုံးစုစည်း ... ဤနှစ် ဟဂ်ျ မပြုနိုင်ပေမဲ့လည်း သောင်ဗာ တော့ပြုနိုင်ပါတယ် … ကိုယ်ခန္ဓာကို စုရုံးစုစည်း ... ဤနှစ် ဟဂ်ျ မပြုနိုင်ပေမဲ့လည်း သောင်ဗာ တော့ပြုနိုင်ပါတယ် … ကိုယ်ခန္ဓာကို စုရုံးစုစည်း ... بعثه مقام معظم رهبری در گپ بعثه مقام معظم رهبری در سروش بعثه مقام معظم رهبری در بله
ဤနှစ် ဟဂ်ျ မပြုနိုင်ပေမဲ့လည်း သောင်ဗာ တော့ပြုနိုင်ပါတယ် … ကိုယ်ခန္ဓာကို စုရုံးစုစည်း ... ဤနှစ် ဟဂ်ျ မပြုနိုင်ပေမဲ့လည်း သောင်ဗာ တော့ပြုနိုင်ပါတယ် … ကိုယ်ခန္ဓာကို စုရုံးစုစည်း ... ဤနှစ် ဟဂ်ျ မပြုနိုင်ပေမဲ့လည်း သောင်ဗာ တော့ပြုနိုင်ပါတယ် … ကိုယ်ခန္ဓာကို စုရုံးစုစည်း ... ဤနှစ် ဟဂ်ျ မပြုနိုင်ပေမဲ့လည်း သောင်ဗာ တော့ပြုနိုင်ပါတယ် … ကိုယ်ခန္ဓာကို စုရုံးစုစည်း ... ဤနှစ် ဟဂ်ျ မပြုနိုင်ပေမဲ့လည်း သောင်ဗာ တော့ပြုနိုင်ပါတယ် … ကိုယ်ခန္ဓာကို စုရုံးစုစည်း ...

ဤနှစ် ဟဂ်ျ မပြုနိုင်ပေမဲ့လည်း သောင်ဗာ တော့ပြုနိုင်ပါတယ် … ကိုယ်ခန္ဓာကို စုရုံးစုစည်း ဖို့မဖြစ်နိုင်ပေမဲ့ နှလုံးသား များကိုတော့ စုစည်း နိုင်ပါတယ် …

ဤနှစ် ဟဂ်ျ ပြုဖို့ မဖြစ်နိုင်ပေမဲ့ အလ္လာဟ့် အိမ်တော်ဘက်သို့ ဂရုပြုနိုင်ရန် ၊ အလ္လာဟ် ကို တမ်းတ ရန် အရှင်မြတ် ထံ ကျိုးနွံ နှိမ့်ချရန် ၊ အရှင်မြတ်ကိုသာလျင် အာရုံပြု ထားရန် သောင်ဗာ(ခ)ဝန်ချတောင်းပန်မှု ပြု နိုင်ရန် တော့ ဧကန် မုချ ဖြစ်နိုင်ပါတယ် ။ အရ်ဖသ် ကွင်းပြင် တွင် မရောက်နိုင်ပေမဲ့ ထိုးထွင်းသိမြင်မှုကို ပွားစေသည့်ဒိုအာ ၊ တောင်းဆုတော်များ ရှိနေပါ တယ်။ ထိုပြင် မည်သည့်နေရာတွင်မဆို လွမ်းမိုးနိုင် သည့် ရှိုင်တွာန်များကို တွန်းလှန်ရန် တော့ ဖြစ်နိုင်ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 


ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ ၏ ဤ ၂၀၂၁ ခုနှစ် ဟဂ်ျမိန့်ခွန်း အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။


 


بسم ‌الله ‌الرحمن ‌الرحیم


والحمدلله رب العالمین و صلی الله علی محمد و آله الطاهرین و صحبه المنتجبین و من تَبِعَهُم باِحسانٍ الی یوم الدین


 


ကမ္ဘာအနှံ့ အပြား ရှိ မွတ်စလင်မ် ညီအစ်ကို မောင်နှမများ ခင်ဗျား!


 


ဤနှစ်လည်းပဲ ကိုယ်တော်မြတ်(ဆွ) ၏ နောက်လိုက် နောက်သား မွတ်စလင်မ်များ အနေဖြင့် ကြီးမားသည့် ကောင်းချီးမင်္ဂလာဖြစ်သည့် ဟဂ်ျ ပြုခွင့်မရခဲ့ပါဘူး ။ စိတ်အား ထက်သန်သည့် နှလုံးသားပိုင်ရှင်များ အနေဖြင့် ကျိုးကြောင်း ဆင်ခြင်တုံ တရား နှင့်ပြည့်စုံတော်မူသည့် အရှင် ၊ အလွန်တရာ သနားကြင်နာ တော်မူသည့်အရှင် ချီးမြှင့်ထားတော်မူသည့် ရိုသေ လေးစားထိုက် သည့် အိမ်တော် တွင် ဧည်သည့် လုပ်ခွင့် မရ သဖြင့် ဝမ်းနည်းကြေကွဲ ရပါသည်။


 


နှစ်နှစ်ရှိပြီးဖြစ်ပါသည်။ နာမ်ပိုင်းဆိုင်ရာ ပျော် ရွှင် မှုကိုဖြစ်စေသည့် ဟဂ်ျရာသီ သည် ကြေကွဲစရာ၊ နှမြောစရာ ရာသီ အဖြစ် ပြောင်း လဲသွားချေပြီး။ တကမ္ဘာလုံးဆိုင်ရာရောဂါဆိုး ၏ ကိုယ်တော်မြတ် (ဆွ) ၏ နောက်လိုက် နောက်သား မွတ်စလင်မ်များ ဒုက္ခ နှင့် ဖြစ်ကောင်းဖြစ်နိုင်သည့် အလ္လာဟ့် အိမ်တော်ကို အုပ်ချုပ်သူများ ၏ ပေါ်လစီ ဒုက္ခ ကြောင့် ဖြစ်စေ မိုအ်မင် သက်ဝင်ယုံကြည်သူများ ၏ စိတ်အား ထက်သန်သည့်မျက်လုံး များ သည် ကိုယ်တော်မြတ်(ဆွ) ၏ နောက်လိုက် နောက်သား မွတ်စလင်မ်များ ၏ စည်းလုံး ညီညွတ် မှု နှင့် ကြီးကျယ် မြင့်မြတ်မှုနှင့် နာမ်ပိုင်းဆိုင်ရာ မြင်ကွင်းကို လက်လွတ်ခဲ့ရပါသည်။ ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံပြီး မြင့်မားသည့် မိုးကောင်းကင်အား တိမ်များ နှင့် ဖုန်မှုန့်များ ဖုံးလွမ်းနေပါသည်။


 


ဤသည်၊ မွတ်စလင်များ ၏ သမိုင်း တွင် ယာယီ စမ်းသပ်မှုများ မှ စမ်းသပ်မှု တစ်ခု ဖြစ်ပါသည်။ တောက်ပသည့် အနာဂတ်ကို ဖြစ်စေနိုင်ပါသည်။ အရေးအကြီး တကာ အကြီးဆုံး စကား မှာ ဟဂ်ျသည် မိမိ၏ ပုံသဏ္ဍာန် အစစ်အမှန် သည် မွတ်စလင်မ်များ နှလုံးသား နှင့် အသက်တွင် ရှင်သန်လျက် ရှိပါသည်။ ယနေ့ ဟဂ်ျ ကျင့်စဉ်များ ကို ယာယီ မလုပ်ရပေးမဲ့ ဟဂ်ျ ၏ မြင့်မား သည့် မိန့်ခွန်း သည် အရောင် မဖျော့ သွားဖို့ လိုအပ်ပါသည်။


 


ဟဂ်ျသည် လှို့ ဝှက်နက်နဲချက်များ ပြည့်နေသည့် ခဝပ်ကိုးကွယ်မှု ဖြစ်ပါသည်။ ဟဂ်ျအတွင်း လှုပ်ရှားမှု တည်ငြိမ်မှု ဖြင့် ဆွဲဆောင်မှု ကို ပေါင်းစပ်ထားပါသည်။ ဟဂ်ျ၏ တည်ဆောက်မှု သည် မွတ်စလင်မ် တစ်ဦး တစ်ယောက်၏ ကိုယ်ပိုင်လက္ခဏာ နှင့် မွတ်စလင်မ် အသိုင်းအဝိုင်း ကို ပုံဖော်ပေးခြင်း နှင့် ကမ္ဘာ့ မျက်လုံးများ ၏ ရှေ့ ဝယ် ထွန်းလင်းတောက်ပ သည့် ဆွဲဆောင်မှု ကို တင်ဆက် ပါသည်။


 


တစ်ဖက်တွင် အဖန်ဆင်းခံကျေးကျွန်များ ၏ နှလုံးသားကို အလ္လာဟ့် အားတမ်းတမှု ၊ ရိုသေကျိုးနွံ့ မှု ဖြင့် နာမ် ပိုင်းဆိုင်ရာ ကို တက်ကြွ စေပါပြီး အလ္လာဟ်ဟို အရှင်မြတ် နှင့် နီးကပ်မှုကို ဖြစ်စေ ပါသည်။ အခြားတစ်ဖက် တွင် တူညီကြသည့် ဝတ်စုံ နှင့် သဟဇာတ ကျသည့် လှုပ်ရှားမှုများ ဖြင့် ကမ္ဘာ့ တဝှမ်း မှ လာရောက် စုရုံးကြသူများ ကို တစ်ယောက်နှင့် တစ်ဦး ချိတ်ဆက်ပေးပါသည်။ ပြီးနောက် လေးနက်နက်ရှိုင်းသည့် အဓိပ္ပာယ်များ လှို့ဝှက်များ နှင့် တန်ဆာ ဆင်ထားသည့် ဟဂ်ျ ကျင့်စဉ်များ မွတ်စလင်မ် လူထု အား အမြင့်မား ဆုံး စံနမူနာ အဖြစ် လောကသားများ ၏ မျက်စိရှေ့ တွင် တင်ပြပါသည်။ မွတ်စလင်မ် လူထု ၏ ဆုံးဖြတ်ချက် နှင့် ဂုဏ်သရေ အား မကောင်း သည်သူများ (ခ) သူယုတ်မာများ ကို သိအောင် ပြုလုပ်ပေးပါသည်။


 


ဤနှစ် ဟဂ်ျ ပြုဖို့ မဖြစ်နိုင်ပေမဲ့ အလ္လာဟ့် အိမ်တော်ဘက်သို့ ဂရုပြုနိုင်ရန် ၊ အလ္လာဟ် ကို တမ်းတ ရန် အရှင်မြတ် ထံ ကျိုးနွံ နှိမ့်ချရန် ၊ အရှင်မြတ်ကိုသာလျင် အာရုံပြု ထားရန် သောင်ဗာပြု နိုင်ရန် တော့ ဧကန် မုချ ဖြစ်နိုင်ပါတယ် ။ အရ်ဖသ် ကွင်းပြင် တွင် မရောက်နိုင်ပေမဲ့ ထိုးထွင်း သိမြင်မှု ကို ပွားစေသည့်ဒိုအာ ၊ တောင်းဆုတော်များ ရှိနေပါတယ်။ ထိုပြင် မည်သည့် နေရာတွင် မဆို လွမ်းမိုးနိုင် သည့် ရှိုင်တွာန်များကို တွန်းလှန်ရန်တော့ ဖြစ်နိုင်ပါ သည်။


 


ကအ်ဗဟ် ဝတ်ကျောင်းတော် ၏ ပတ်ပတ်လည်တွင် ကိုယ်ခန္ဓာများ ကို တစ်စု တစ်ဝေးတည်း ပြုရန် မဖြစ်နိုင်ချေ။ သို့သော် ကျမ်းတော်မြတ် ကုရ်အာန် ၏ ထင်ရှား ပြတ်သားသည့် အာယသ်တော် များ၏ ပတ်ပတ်လည်တွင် နှလုံးသားများ ကို တစ်စု တစ်ဝေတည်း စုစည်း ရန် ဖြစ်ပါသည်။ ပြီးနောက် အလ္လာဟ် ဟို အရှင်မြတ် ၏ ကြိုးတော်အား မြဲမြံ စွာ ဆုပ်ကိုင် ထားရ မည်မှာလည်း ထာဝရ တာဝန် ဝတ္တရား ဖြစ်ပါသည်။


 


ကျွန်ုပ်အစ္စလာမ် ဘာသာဝင်များ အနေဖြင့် ယနေ့ အလွန်များပြားလာသည် လူဦးရေ၊ကျယ်ပြန့် သည် ဒေသများ ၊ ကြွယ်ဝသည့် သဘာဝ အရင်းအမြစ်များ ရှင်သန် နိုးထ နေသည့် လူမျိုးများ ရှိပါသည်။ မိမိတို့၏ အရင်းအမြစ်၊ အထောက်အပံ့များ ဖြစ်နိုင်ချေ အကူအညီ ဖြင့် အနာဂတ် ကို တည်ဆောက်နိုင်ပါသည်။ ပြီးခဲ့သည့် နှစ် ပေါင်း ၁၅၀ တွင် မွတ်စလင်မ် လူမျိုးစုများ အနေဖြင့် မိမိတို့ ၏ နိုင်ငံများ နှင့်အစိုးရများ ၏ ကံကြမ္မာ မည်သည့် အခန်းကဏ္ဍ ကိုမှ မဆောင်ရွက် နိုင်ခဲ့ကြပေ။ ထိုပြင် တစ်ချို့ ရေတွက်နိုင်သည့် သာဓက မှအပ အနောက်တိုင်း ပေါ်လစီ များအတိုင်း လိုက်နာ ဆောင်ရွက်ခဲ့ကြပါသည်။ ၎င်းတို့၏ လောဘ ၊ဝင်ရောက် စွက်ဖက်မှု ၊နှောင့်ယှက်မှုများ ၏ ပစ်မှတ်ဖြစ်ခဲ့ရပါသည်။ ယနေ့ တွင် နိုင်ငံ အမြောက်အများ ပညာမတိုးတက် ခြင်း နိုင်ငံရေး မှီခိုမှု နှင့် လက်တွေ့ ကျင့်သုံးမှုမရှိခြင်း၊အရည်အချင်း မရှိမှုတို့၏ ရလာဒ် ဖြစ်ပါ သည်။


 


ကျွန်ုပ်တို့၏ လူမျိုးစုများ ၊ ကျွန်ုပ်တို့၏ လူငယ် လူရွယ်များ ၊ ကျွန်ုပ်တို့၏ သိပ္ပံ ပညာရှင်များ ၊ကျွန်ုပ်တို့၏ သာသနာ့ ပညာရှင်များ နှင့်ကျွန်ုပ်တို့၏ လူထု အခြေပြုတွေးခေါ်သူများ ၊ နိုင်ငံရေး သမားများ ၊ ကျွန်ုပ်တို့၏ပါတီများ နှင့် လူဦးရေ များ သည် ယနေ့ အတိတ် က ဂုဏ်သိက္ခာမဲ့ ပြီး ရှက်ဖွယ်ဖြစ်ခဲ့ရမှုများကို မလွဲမသွေ အစားပြန်ထိုးရမည် ဖြစ်ပါသည်။ မဖြစ်မနေ မားမားမတ်မတ် ကြံ့ ကြံ့ ခိုင် ရပ်တည်ရမည် ဖြစ်ပါသည်။ မလွဲမသွေ အနောက်နိုင်ငံများ အတင်းအကြပ်ပြုခိုင်းမှု ဝင်ရှုပ်မှု ၊ဆိုးသွမ်းများ ကို ရင်ဆိုင်၍ ကြံ့ ကြံ့ ခံရမည် ဖြစ်ပါသည်။


 


မောက်မာ ပြီး ကြီးနိုင်ငယ်ညှဉ်း လောကသားများ ကို စိုးရိမ် စရာ ဖြစ်စေပြီး အမျက်ထွက်စေသည့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ စကားအားလုံး၏ ဖိတ်ခေါ်မှုမှာ မားမား မတ်မတ်ကြံ့ကြံ့ခံ ကာကွယ် ရန် ဖြစ်ပါသည်။ အမေရိကန် နိုင်ငံ နှင့် အခြား အင်အားကြီး ကျူးကျော် နိုင်ငံ များ ကို   မားမား မတ်မတ်ကြံ့ကြံ့ခံ ကာကွယ် ခြင်းနှင့် အစ္စလာမ်သွန်သင် ဆုံးမ ချက် များ ကို အမှီ ပြု၍ မွတ်စလင်မ်လောက ၏ အနာဂတ်တွင် မားမား မတ်မတ်ကြံ့ကြံ့ခံ ကာကွယ် ဆိုတာ အမြစ်တွယ်ရန် ဖြစ်ပါသည်။


 


ဘဘာဝကျကျ ပြောမည်ဆိုလျင် အမေရိကန် နှင့် ၎င်း၏ မဟာမိတ်များ ဖို့ မားမားမတ်မတ် ကြံ့ကြံ့ခံခံကာကွယ်မှု ဆိုသည့် ခေါင်းစဉ် သည် ထိလွယ်ရှလွယ် ပြီး အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အပေါ် ရန်ငြိုး အမျိုးမျိုး ထားဖို့ အားခဲထားမှုကို ဖြစ်စေပါသည်။ ၎င်းတို့ နှင့်အတူ အချို့ ဒေသတွင်းဆိုင်ရာ အစိုးရများ မှ အတူလက်တွဲ နေသည်မှာ ခါးသက်သည့်အမှန်တရား ၎င်းဆိုးသွမ်းမှုများ ကို ဆက်လက်ရှင်သန်စေနေပါသည်။


 


ဖြောင့်မတ် မှန်ကန်သည့်လမ်းစဉ် ဖြစ်သည့် ဟဂ်ျကျင့်စဉ်များ ၊ ပြေးခြင်း သဝါဖ်ပြုခြင်း၊ အရ်ဖါသ် ၊ ဂျမ်ရာသ် နှင့် ဟဂ်ျ၏ အမှတ်အသားလက္ခဏာများ နှင့် ဂုဏ်ကျက်သရေ၊ စည်းလုံးမှု တို့သည် ကျွန်ုပ်တို့ အား လမ်းညွှန်ပေးနေသည်မှာ အလ္လာဟ်ဟို အရှင်မြတ် သခင် အား အားကိုး အားထားပြုရန် အဆုံးအသတ်မရှိသည့် အလ္လာဟ်ဟို အရှင်မြတ် ၏ အင်အား ဘက်သို့ ဂရုပြုရန် အမျိုးသားရေး စိတ်ဓာတ်အပေါ် စိတ်ချ ယုံကြည်ရန် ၊ ရုန်းကန် ရန် နှင့်ကြိုးပမ်းမှု အပေါ် ယုံကြည်ရန် ၊ ခိုင်မာ သည့် ရည်ရွယ်ချက်အပေါ် လှုပ်ရှားရန် နှင့် အောင်မြင်ရန် အတွက် မျှော်လင့်ချက် တို့ ဖြစ်ပါသည်။


 


အစ္စလာမ့်ဒေသရှိ ဖြစ်ရပ်မှန် များ မှ ဤ မျှော်လင့်ချက်ကို ထပ်မံ အားဖြည့်ပေးပြီး ထိုဆုံးဖြတ်ချက် ကို ပိုမိုခိုင်မာစေပါသည်။ အခြားတစ်ဖက်တွင် အစ္စလာမ် လောက ၏ ကံဆိုးမှုများ ၊ပညာ နောက်ကျခြင်း၊ နိုင်ငံရေး ဆက်နွယ်မှုများ ၊ စီးပွားရေး နှင့် လူမှုရေး မတည်ငြိမ်မှုများက ကျွန်ုပ်တို့အား ကြီးမားသည့် တာဝန်ဝတ္တရား နှင့် မဆုပ်မနစ် ရုန်းကန် မှုကို ဖြစ်စေပါသည်။


 


သိမ်းပိုက်ခံ ပါလက်စတိုင်း တို့မှ ကျွန်ုပ်တို့ ထံ အကူအညီ တောင်းဆို နေပါသည်။ ဖိနှိပ် ရက်စက်ညှဉ်းပန်း မှုကိုခံနေရပြီး သွေးများ စွန်းနေသည့် ယီမင် အခြေအနေသည် နှလုံးသားများကို နာကျင် စေပါသည်။ အာဖဂန် နိစ္စတန် ၏ ဒုက္ခများ သည် လည်း ကျွန်ုပ်တို့ အားလုံးကို စိုးရိမ် စရာကို ဖြစ်ပေါ်စေပါ သည်။ အီရတ်နိုင်ငံ ၊ဆီးရီးယား ၊ လက်ဘနွန် ပြီးနောက် အမေရိကန် နှင့် ၎င်း၏ မဟာမိတ်များ ထင်ရှားစွာ ဝင်ရောက် စွက်ဖက် နေသည့် အချို့ မွတ်စလင်မ် နိုင်ငံများ ၏ ခါးသီး သည့်ဖြစ်ရပ်မှန်များ လူငယ်များ ၏ ယောက်ကျားပီသ စိတ် နှင့် သတ္တိ ကို နိုးကြား စေပါ သည်။


 


အခြားတစ်ဖက်တွင် ထိလွယ်ရှလွယ်သည့် ဒေသများ အားလုံးတွင် မားမားမတ်မတ် ကြံ့ကြံ့ခံခံခြင်း မျက်နှာစာ ကျယ်ပြန့်လာပြီး လူမျိုးစု များ ၏ နိုးထမှု နှင့် လူငယ်များ နှင့် တက် ကြွ သည့် မျိုးဆက်များ ၏ လှုံ့ဆော်မှု သည် နှလုံးသားများ တွင် မျှော်လင့်ချက်ကို ဖြစ်စေပါသည်။


 


ပါလက်စတိုင်းသည်မိမိတို့၏ နေရာတိုင်း တွင် ကွဒ်စ်၏ဓား

ကွဒ်စ်၏ဓား
အား ဓားအိမ်မှ ဆွဲထုတ် နေပါသည်။ ကွဒ်စ် ၊ ဂါဇာ ၊ အနောက်ဘက်ကမ်း ၊ ၁၉၄၈ ခုနှစ် တွင် သိမ်းပိုက်ခံ ဒေသများ နှင့် ဒုက္ခသည် စခန်းများ အားလုံး မှ နိုးထခဲ့ကြပါသည်။ ပြီးနောက် ၁၂ နှစ် ကြာ နယ်ချဲ့ အင်အား ၏ နှာခေါင်း အား မြေကြီး နှင့် ပွတ်တိုက် ခဲ့ကြပါသည်။ (ခ) ၁၂ နှစ် ကြာ နယ်ချဲ့ အင်အား ထိထိမိမိ တော်လှန် ခဲ့ကြပါသည်။


 


ဝိုင်းရံ ပိတ်ဆို့ ထားခြင်းခံရပြီး အထီးကျန် သည့် ယီမင် နိုင်ငံသည် ရာဇဝတ်မှု ကျူးလွန်သူ နှင့် ရက်စက် ကြမ်းကြုတ် သည့်ရန်သူ နှင့် ၇ နှစ်တိုင် တိုက်ပွဲ ဖြစ် မှု ၊ ရာဇဝတ်မှု နှင့် ရက်စက် ညှဉ်းပန်း ယုတ်မာ မှု များ နှင့်ရင်ဆိုင်နေရပါသည်။ အစားအစာ များ ဆေးဝါးများ နှင့် ဘဝ တည်ဆောက် ရန် အသုံးအဆောင်ပစ္စည်း များ ရှားပါးနည်းနေသည့် ကြားမှ နယ်ချဲ့ အင်အား ၏ ရှေ့ ဦး မညွှတ်ဘဲ မိမိ၏ ခွန်အား ၊ ဆန်းသစ် တီထွင်မှု နှင့် ခုခံတော်လှန် နေပါသည်။


 


အီရတ်နိုင်ငံ ရှိ မားမားမတ်မတ် ကြံ့ကြံ့ခံ တပ်များသည် နယ်ချဲ့အမေရိကန် နှင့် ၎င်းတို့၏ ကိုယ်စားလှယ် ဒါအေရှ်(ခ) IS တော်လှန် နေပါသည်။ ပြီးနောက် အမေရိကန် နှင့် ၎င်း ၏ မဟာမိတ် များ ၏ ဆိုးသွမ်းမှု မှန် သမျှ နှင့် ဝင်ရောက် စွက်ဖက် မှု များကို အဖြေပေးရန် ခိုင်မာ ထင်ရှားသည် ဆုံးဖြတ်ချက်ကို ကြေညာ နေပါသည်။


 


အမေရိကန် များ အနေဖြင့် အီရတ်၊ ဆီးရီးယား ၊ လက်ဘနွန် နှင့် အခြား နိုင်ငံများ တွင် မားမားမတ်မတ် ကြံ့ကြံ့ခံ တပ်များ နှင့် ရဲစွမ်းသတ္တိရှိသည့် လူငယ်များ ၏ ရည်ရွယ်ချက် ၊ဆုံးဖြတ်ချက် ၊ တောင်းဆိုချက် များ လှုပ်ရှားမှုများ ကို ပျက်စီးရန် အမေရိကန် များ လုပ်ကြံ အစီအစဉ်များ ၊ ၎င်းတို့အား အီရန်နှင့် အခြား အဖွဲ့အစည်း များ နှင့်ပတ်သက်ကြောင်း ပြောဆိုခြင်း ၊ ရဲစွမ်းသတ္တိ ရှိပြီး နိုးထနေသည့် လူငယ်များ ကို စော်ကား ခြင်း ၊ ဒေသတွင်းရှိ လူမျိုးစုများ ကို အမေရိကန် များနှင့် ပတ်သက်ပြီး မှန်မှန်ကန်ကန် နားလည် သဘောမပေါက်ကြရန် ကြိုးပမ်းဝါဒ ဖြန့်ခဲ့ကြပါသည်။


 


ဤ မှားယွင်းသည့် တွက်ချက် မှုကြောင့် အေမရိကန် အနေဖြင့် အာဖဂန် နိစ္စတန် နိုင်ငံ တွင် အရှက်ရခဲ့ရပါသည်။ နှစ် ၂၀ အလျင်ရုတ်တရက် ရောက်ရှိလာခြင်း၊ အကာအကွယ်မဲ့ပြည်သူများ နှင့် စစ်တပ်မဟုတ်သူများကို လက်နက် ၊ဗုံးစစ်တပ် နှင့် အနိုင်ကျင့်ခဲ့ပြီး မိမိကိုယ်ကို စိတ်ဓာတ်ကျဆင်းမှု ကိုခံစားခဲ့ရပါသည်။ ထိုပြင် မိမိတို့ ၏ တပ်သားများ နှင့် တပ်အသုံးဆောင် များ ကို အာဖဂန်နိစ္စတန် မှ ထုတ်ခဲ့ကြပါသည်။ သို့သော် ယခု အခါ အာဖဂန် လူမျိုးများ အနေဖြင့် အမေရိကန် တို့ ၏ ထောက်လှမ်းရေး ကိရိယာများ ပျော့ပျောင်းသည့် စစ်ဆင်ရေး (လက်နက်မဲ့ စစ်ဆင်ရေး ) ကို သတိထားရန် လိုအပ်ပြီး ပညာရှိစွာ တိုက်ခိုက်ရန် အရေးကြီး လိုအပ် ပါသည်။


 


ဒေသတွင်းရှိ လူမျိုးစု များမှ နိုးနိုးကြားကြား ရှိကြောင်း သတိအသိရှိ ကြောင်း သက်သေထူ ပြီး ဖြစ်ပါသည်။ ၎င်းတို့၏ လမ်းစဉ် နှင့် လမ်းကြောင်း သည် အချို့ အစိုးရများ နှင့် မတူကြပေ။ အမေရိကန် ကို ပျော်ရွှင် စွာထားနိုင်ရန် အတွက် အဓိက သော့ချက်ကြသည့် ၊ သေရှင်ရှင်ရေး ဖြစ်သည့် ပါလက်စတိုင်း ကိစ္စ တွင်လည်း ၎င်းတို့ တောင်းဆိုချက် များကို လိုက်ရော ခဲ့ကြပါသည်။


 


နယ်ချဲ့ ဇီယွန်ဝါဒီ (ခ)အစ္စရေး အစိုးရ နှင့် လှို့ ဝှက် နည်း၊ ဖော်တင်နည်း ဖြင့် မိတ်ဆွေ ဖြစ်မှု ခင်မင် ရင်းနှီး မှုကို တိုးပွားစေရန်ပြုသည့် အစိုးရများ သည် ပါလက်စတိုင်း လူမျိုး တို့ ၏ သမိုင်းဝင် အမိမြေ နှင့်၎င်းတို့၏ ရပိုင်ခွင့် ကို ငြင်းပယ်နေကြပါသည်။ ဤသည် ပါလက်စတိုင်းလူမျိုးများ ၏ အရင်းအနှီး များ ကို လုယက် ခြင်းဖြစ်ပါသည်။ ၎င်းတို့ အနေဖြင့် မိမိတို့ နိုင်ငံများ ၏ သဘာဝ သယံဇာတများ ကို လုယက် မှု အပေါ် မကျေနပ်သေးချေ ။ယခုဆိုလျင် ပါလက်စတိုင်း လူမျိုးများ ၏ အရင်းအနှီးများကိုပါ လုယက်နေပါသည်။


 


ညီအစ်ကို ၊မောင်နှမ များခင်ဗျား !


 


ကျွန်ုပ်တို့၏ ဒေသ တွင်း နှင့် လျင်မြန်စွာ ဖြစ်ပေါ်နေသည့် ဖြစ်ရပ်မှန် အမျိုးမျိုး မှ သင်ခန်းစာများ ၊သံယေဂများ ရယူနိုင်ပါသည်။ တစ်ဖက်တွင် ကျူးကျော် နယ်ချဲ့ ၏ရက်စက်ယုတ်မာ ညှဉ်းပန်းမှု ကို တော်လှန်ရန် မားမားမတ်မတ် ကြံ့ကြံ့ခံ ခုခံခြင်း နှင့် တော်လှန် ခြင်း တို့ကြောင့် ဖြစ်ပေါ်လာသည့် ခွန်အား နှင့် အခြား တစ်ဖက် ကျူးကျော်၊နယ်ချဲ့ သူများ၏ အတင်းအကြပ် တောင်းဆို မှုများကို လက်ခံ ခြင်း၊အားနည်းချက်ကို ပြသခြင်း နှင့် ဦးညွှတ် ခြင်း၏ရလာဒ် ဖြစ်သည် အရှက်ကွဲမှု ဖြစ်ပါသည်။


 


အလ္လာဟ်အရှင်မြတ်၏ လမ်းတွင် ကြိုးပမ်းသူများကို ကူညီဖေးမမည်ဆိုသည်မှာ အလ္လာဟ်ဟို အရှင်မြတ် ၏ မှန်ကန်သည့် ကတိကဝတ်ဖြစ်ပါသည်။


إِنْ تَنْصُرُوا اللَّهَ یَنْصُرْکُمْ وَ یُثَبِّتْ أَقْدامَکُمْ


 


ဤ မားမားမတ်မတ် ကြံ့ကြံ့ခံ ခုခံခြင်း၏ ပထမရလာဒ်မှာ အင်န်ရှာအလ္လာဟ် အမေရိကန် နှင့်အခြား ကမ္ဘာ့ နယ်ချဲ့ အင်အားစုများ ကို အစ္စလာမ် နိုင်ငံများ တွင် ဝင်ရောက်စွက်ဖက် ခြင်း ဆိုးညစ်ခြင်း မှ တားဆီး နိုင်မည် ဖြစ်ပါသည်။


 


အလ္လာဟ်ဟို အရှင်မြတ် ထံ မွတ်စလင်လူမျိုး စု များအား ကူညီဖေးမ ရန် ဒိုအာ ပြု အပ်ပါသည်။ အေမာမ် ဇမာန်း (အ.ဂျ) အပေါ် ဒရူးဒ် နှင့် စလာမ် ပို့သပါသည်။ ပြီးနောက် ဂုဏ်သိက္ခာ ကြီးမား သည့် အေမာမ်ခိုမေနီ (ရ.ဟ) နှင့် အာဇာနည်များ အတွက် အလ္လာဟ်ဟို အရှင်မြတ်ထံတော်တွင် ၎င်းတို့၏ အဆင့်များ မြင့်မားရန် ဒိုအာ ပြုအပ်ပါသည်။


 


والسّلام علی عباد اللّه الصّالحین


 


ဆရက်ဒ်အလီ ခါမေနာအီ


ဇူလိုင်လ ၁၇ ရက်နေ့ ၊ ၂၀၂၁ ခုနှစ်


ဇေလ်ဟဂ်ျဂျဟ်လ ၆ ရက် ဟီဂျရီ သက္ကရာဇ် ၁၄၄၂ ခုနှစ်


| شناسه مطلب: 107564




برمه ای



نظرات کاربران